Wednesday, November 30, 2016

တစ်ချိန်က အိန္ဒိယတွင် ဗုဒ္ဓ၀ါဒကျဆုံးရခြင်

တစ်ချိန်က အိန္ဒိယတွင် ဗုဒ္ဓ၀ါဒကျဆုံးရခြင်း
POSTED BY ARAKAN NEW POSTED ON 07:19 WITH NO COMMENTS

ရေးသားသူ ယုယမေ ထည့်သွားတာက သြဂုတ် 5, 2012 အချိန် 5:54pm ကပါ
စာပို့ မယ်   ကြည့် မယ်ရေးသားထားမှုများကို
        ဒ္ဓမြတ်စွာ ဘုရားက အိန္ဒိယနိုင်ငံ မဇ္စိုမဒေသတွင် ပွင့်တော်မူခဲ့သည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံကစပြီး ဗုဒ္ဓ ဘာသာ ထွန်းကား ခဲ့တာ မဆန်းပါ။ ဗုဒ္ဓ ပွင့်တော မူခဲ့တဲ့ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓဘာသာ က ဘာလို့ ကျဆုံးပြီး ပျောက်ကွယ် သွားခဲ့ရသည့် အကြောင်းအား  ( ဗုဒ္ဓဘာသာများသိမှတ်ဖွယ်ရာများမှ--ကောက်နှုတ်) တင်ပြလိုက်ပါသည်။

       အေဒီ ၁၀၀၀လောက်အထိ အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓ၀ါဒများ အများအပြား ရှိခဲ့သေးသည်။ ဗုဒ္ဓဘာသာ သမိုင်း မှတ်တမ်းအရ ပထမဆုံး အဖြစ် ဗုဒ္ဓဘာသာ တိုက်ဖြတ်မူဟာ အိန္ဒိယမှာ သုင်္ဂမင်းများ လက်ထက် မှာ ဖြစ်ပေါ် ခဲ့တယ်။ ပုဿိမတြမင်း ဟာ ဗြဟ္မဏ၀ါဒ ကိုလွန်စွာ ကြည်ညီု တဲ့မင်းဖြစ်သည်။ ဒီမင်းဟာ ဗုဒ္ဓဘာသာကိုကြည်ညို ခဲ့တဲ့ မောရိယမင်းဆက်ပျက်စီးပြီး ဘီစီ၂ရာစုမှာ ပေါ်လာတဲ့ သုင်္ဂမင်းဆက် မှ မင်းတစ်ပါး ဖြစ်သည်။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများစွာ ကိုဖျက်ဆီးခဲ့တဲ့ မင်းဖြစ်တယ်လို့ ဒိဗျာဓန မှတ်တမ်းတွင် ဖော်ပြထားသည်။

        ဒီမင်းဟာ အမိန့်ပြန်တမ်း စာစောင်ထဲမှာ ဗုဒ္ဓဘာသာ ရဟန်းသာမဏေ တစ်ပါးရဲ့ ဦးခေါင်း တစ်လုံးကို ဆက်သနိုင်ရင် အသပြာ100 ဆုချီးမြှင့်မယ် လို့ ပြန်တမ်း ထုတ်ခဲ့ပါသည်။ သူဟာ ဗုဒ္ဓဘာသာ ကိုနှိမ်နင်း အောင်မြင်တဲ့ အထိမ်းအမှတ် အဖြစ် နှင့်ဘီစီ ၂ရာစု မှာ မြင်းတစ်ကောင်ကို ယဇ်ပူဇော်တဲ့ ယဇ်ပွဲကြီးပြုလုပ်ခဲ့သည်။

    ကဿမိယပြည်နယ် က ဘုရင်နာရာ ကလည်း ဗုဒ္ဓ၀ိဟာရ ထောင်ပေါင်းများစွာ ကို မီးရှို ဖျက်ဆီးခဲ့သည်။ မဟိရကုလဘုရင် လက်ထက်ကလည်း စေတီပုထိုးများနှင့် ဘုန်းကြီးကျောင်းများ ဖြိုဖျက်ခဲ့သည်။ ရဟန်းသံဃာ များစွာကိုလည်း သတ်ဖြတ်ခဲ့သည်။ ဗင်ဆင့် ရေးသားသော အိန္ဒိယသမိုင်း စာအုပ်တွင် ဂုတ္တမင်းဆက် ( 619-637အေဒီ)က ဘုရင်သသကမင်းသည် ဗုဒ္ဓဂါယာမှာ ရှိတဲ့ ဗောဓိပင်ကို အမြစ်က လှန်တူးပြီးမီးရှို့ ဖျက်ဆီး ပစ်ခဲ့တယ် ဟုဆိုထားသည်။

      ထို့ပြင် ပါတလိပုဋ်မှာရှိတဲ့ ဗုဒ္ဓခြေတော်ရာ ကျောက်ပြားကိုလည်း ဖျက်ဆီးပစ် ခဲ့သည်။ ဒါပင်မယ့် သူဖျက်ဆီးခဲ့တဲ့ ဗောဓိပင်ကို ဒေသခံ ဘုရင်ခံ ပူရာဏ၀ါမန်က ပြန်လည်စိုက်ပျိုးခဲ့သည် ဟုဆိုထားသည်။
၁၂ရာစုတွင် အိန္ဒိယပြည်မှာ ဗုဒ္ဓဘာသာကို အကြီးအကျယ် ဖျက်ဆီးနှိပ်ကွက်ခံရသည်။ အေဒီ1193မှာ မြောက်ပိုင်းက ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များသည် တိဗက်နှင့် နိပေါ တို့သို့ ပြေးကြရသည်။ တစ်ချို့ကတောင်ပိုင်းကိုပြေးကြရသည်။
 အိန္ဒိယနိုင်ငံ မှာဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရခြင်း ဟာ တိုင်းပြည်သူသား မကြည်ညိုလို့မဟုတ်ပါ။ 

        ဘုရင်တွေ အုပ်ချုပ်သူတွေက ဘာသာရေး နှိပ်ကွပ်မူတွေလုပ်ခဲ့၍ ဖြစ်သည်ဟုထင်ရှားနေသည်။ သာသနာထွန်းကား မူသည်အုပ်ချုပ်သော မင်းတို့ရဲ့ စောင့်ရှောက်မူ ၊ ထောက်ပံမူ မရဘဲ မဖြစ်နိုင်ပါ။ ထို့အတူ ပြည်ရှင်မင်းတို့က သာသနာတော်ကိုမကြည်ညိုလို့ ဖျက်ဆီးရင်လည်း သာသနာတော် ကျဆုံး သည်။ အခုအချိန် တွင် အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာပြန်လည် ရှင်သန်နိုးထ လာခဲ့ပါပြီ ။ အခန့်သင့် လျှင် ထိုအကြောင်းကိုဆက်လက် မှီငြမ်း ရေးသား တင်ပြပါအုန်းမည် ဖော်ပြပါအုန်းမည်

No comments:

Post a Comment