Tuesday, November 29, 2016

ဘာဝနာ၏သ​ဘော အဓိပ္ပါယ်

ဘာဝနာ၏သ​ဘော အဓိပ္ပါယ်​..

ဘာဝနာ""ကား မြန်မာတို့ အသုံးများသဖြင့် နားယဉ်နေသော စကားလုံးဖြစ်၏ ။သို့သော်  သို့သော် မြန်မာစကားလုံးမဟုတ် ။  ပါဠိစကားလုံးဖြစ်သည် ။ .... မိမိတို့ သန္တာန်မှာ ဖြစ်လာအောင် တကြိမ်ဖြစ်ခဲ့ပြီး နောက်၌လည်း အထပ်ထပ် ဖြစ်ပေါ်လာအောင် ရှုမှတ်ပွားများခြင်း.."" ဟု အဓိပ္ပါယ် ရှိပါသည်။    အဘယ်အရာတို့ကို အထပ်ထပ် ဖြစ်ပွားအောင် အားထုတ်သင့်သနည်း..။
သမထနှင့် ဝိပဿ         နာလုပ်ငန်းတို့ပင်ဖြစ်သည် ။  ယင်းလုပ်ငန်းတို့ကို မိမိ၏ သန္တာန်မှာ အထပ်ထပ်ဖြစ်ပေါ်လာအောင် ရှုမှတ်အားထုတ်ခြင်းသည် #ဘာဝနာပင်ဖြစ်သည် ...။  #သမထ... #ဝိပဿ        နာ ဟု လုပ်ငန်းနှစ်မျိုးကွဲပြားသဖြင့် #သမထဘာဝနာ..     #ဝိပဿ        နာဘာဝနာ ဟု ဘာဝနာနှစ်မျိုးကွဲပြားရပါသည်။
     ** သမထဘာဝနာ ** .
   သမထဟူသည်.... ကာမစ္ဆန္ဒ စသော နီဝရဏတရားတို့ကို ငြိမ်းစေတတ်သောကြောင့် သမာဓိတရားသည် သမထမည်၏ ။
    သမထ..ဟူသည် #လိုချင်မှု့.. (လောဘ) စသောအပူဓာတ် (ကိလေသာ. ) တို့ကိုငြိမ်းသက်အေးမြစေတတ်၏.. ဟု အဓိပ္ပါယ် ရှိပါသည်။  
ထိုသမထကား ပထဝီကသိုဏ်းဝန်း ( စီမံပြုလုပ်ထားသောမြေဝိုင်းကို ရှုမှတ်သူ ) စသော ကိလေသာ ၁၀ ပါး.. ဗုဒ္ဓါနုဿ  တိ ( ဘုရားဂုဏ်တော်ကိုအဖန်ဖန်ရှုမှတ်မှု )  စသော အနုဿ တိ ၁၀ပါး.. စသည်ဖြင့် ကျင့်နည်းကျင့်စဉ် ၄၀ ရှိသည် ။ 
စိတ်သည် ဟိုသည်မပျံ့လွင့်ဘဲ တွေ့မြင်ရှုမှတ်နေသော အာရုံမှာ တည်ငြိမ်နေခြင်းကို " သမာဓိ.."" ရသည်ဟု ခေါ်ပါသည် ။
ထိုအခါ လောဘ စသော ကိလေသာများ မရှိဘဲ စိတ်သည် ငြိမ်းအေးချမ်းသာနေပါသည် ။
ထိုသို့ သမာဓိရမှသာ စိတ်ချမ်းသာနိုင်မည် ဖြစ်သဖြင့် သမထ ( ငြိမ်းအေးစေမှု ) ဟူသည် သမာဓိ၏ အမည်ဖြစ်သည်။ ထိုသမထ လုပ်ငန်းကို အဖန်ဖန် ပြုလုပ်ရှုမှတ်မှု ( ဘာဝနာ ) နှင့် တွဲဖက်၍ ... သမထဘာဝနာ... ဟု ခေါ်ကြပါသည် ။
ဝိပဿနာဘာဝနာ..
***********
    ဝိပဿနာဟူသည်... ဘုံသုံးပါး၌ ဖြစ်ပေါ်နေသော ရုပ်..နာမ်.. ခန္ဓာ အဖြာဖြာကို အနိစ္စ.. ဒုက္ခ.. အနတ္တ ဟု လက္ခဏာ ယာဉ်သုံးပါးသို့ တင်၍ ရှုဆင်ခြင်တတ်သောကြောင့် ဝိပဿနာမည်၏ ။
မိမိကိုယ်ခန္ဓာရှိ ရုပ်တရား နာမ်တရားတို့ကို လက္ခဏာရေးသုံးပါးဖြင့် ဝိပဿနာရှုရသည် ။
        ထူးထူးခြားခြား ရှုမှတ်သိမြင်တတ်သော အသိဥာဏ်ကို.. ဝိပဿနာ...ဟု ခေါ်ပါသည် ။
တစ်စုံတစ်ခု သောအာရုံကို မြင်လျှင်..."" မြင်တယ်..မြင်တယ်.."" ဟူ၍ လည်းကောင်း..
တနေရာရာကနာလျှင် .. နာတယ်..နာတယ်.. ဟူ၍၄င်း.. ရှုမှတ်နေရာတွင် ထိုမြင်ရာအာရုံသည် ဖြစ်လိုက်ပျောက်လိုက် စသည်ဖြင့်
မမြဲခြင်း အမှတ်အသား ( အနိစ္စလက္ခဏာ)  စသည်ကိုရှုမှတ်နေသော ယောဂီသည် သိမြင်လာပါသည် ။
ထို ( ဝိပဿနာ ) လုပ်ငန်းကို အဖန်ဖန်ပြု လုပ်  ရှုမှတ်မှု့  ( ဘာဝနာ ) နှင့်တွဲဖက်၍ .. ဝိပဿ        နာ ဘာဝနာ..ဟု ခေါ်ကြပါသည်။ .
သမထအလုပ်.. ဝိပဿနာအလုပ် တို့၏ တည်ရာ မှီရာဖြစ်သောကြောင့် "" ကမ္မဋ္ဌာန်း."" ဟု ခေါ်ခြင်းဖြစ်သည် ။ သို့ဖြစ်၍ .. သမထဘာဝနာ..ဝိပဿ နာဘာဝနာ..ဟုခေါ်သကဲ့သို့ ... သမထကမ္မဋ္ဌာန်း.. ဝိပဿနာကမ္မဋ္ဌာန်း..ဟူ၍လည်း ခေါ်ဆိုနိုင်ပါသည် ။ ..
မူကြိုဆရာ at 7:00 AM

No comments:

Post a Comment