Saturday, November 26, 2016

မင်းမြှောက်တန်ဆာ

မင်းမြောက်တန်ဆာ
မင်းမြောက်တန်ဆာဟူသည် မင်းဧကရာဇ်တို့၏ အဆောင်အယောင်ကို ခေါ်သည်။ ရေမြေသေဌ်နင်း ဘုရင်မင်းတို့ ဘိသိက်မင်္ဂလာအခါတော်တွင် ဆင်ယင်ကိုင်စွဲသော အဆောင်အယောင်ငါးပါးကို မင်းမြှောက်တန်ဆာငါးပါး ဟုခေါ်သည်။ ယင်းတို့မှာ-
သန်လျက်
ထီးဖြူ
မကိုဋ် (သင်းကျစ်)
ခြေနင်း
သားမြီးယပ်
တို့ဖြစ်သည်။
ယင်းတို့သည် ပြည့်ရှင်မင်းတို့၏ ရတနာအပေါင်းတို့ထက် ပြဠာန်းသောရတနာဖြစ်ခြင်းကြောင့် ပဌာနရတနာဟုခေါ်သည်။ မင်းအပေါင်းတို့သည် ထီးဖြူကိုဆောင်းမိုးလျက် ရင်ခွင်ထက် သားမြီးယပ်ပိုက်၍ နဖူးပြင်ဝယ် တင့်တယ်စွာ သင်းကျစ်ကိုဆင်ယင်ပြီးလျှင် ခြေတွင်ခြေနင်းစီးလျက် သန်လျက်စွဲကာ ဘိသိက်မင်္ဂလာ ခံယူကြသည်။ ရဟန်းတွင် သိက္ခာ၊ မင်းတွင် ဘိသိက် ဟုဆိုသောကြောင့် မင်းမြောက်တန်ဆာငါးပါးတို့ကို ဆင်ယင်သုံးစွဲလျက် ရာဇဘိသိက်ခံသောမင်းကိုသာ မင်းဟု သမုတ်အပ်ကြောင်း ရာဇ၀င်များတွင် တွေ့ရပါသည်။

မောင်သုတ

No comments:

Post a Comment