Saturday, November 26, 2016

ထီးဖြူ

07 June 2013
မြန်မာရှင်ဘုရင် မင်းအဆက်ဆက် ဆောင်းတော်မူခဲ့သော ထီးဖြူ (၅)ပါး

          မြန်မာရှင်ဘုရင်မင်းအဆက်ဆက် ဆောင်းတော်မူခဲ့သော ထီးဖြူငါးပါးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။      မင်းစံတော်မူသော သလွန်ထက်ဖွင့်လျက် အမြဲစိုက်ထားသောထီး၌ ရတနာ ၇ ပါးစီခြယ်ထားသော ကြဋ္ဌာန်းထီးဖြူ
၂။      တစ်နှစ်တစ်ကြိမ် သဘင်ခံရာ ဖွင့်ဆောင်းသော ထီး၌ န၀ရတ်ကိုးပါး စီခြယ်ထားသော ဥရူထီးဖြူ
၃။      ထွက်ဝင်မပြတ်ဆောင်းတော် ရွှေရိုးရွှေထွက်နှင့် တမ္ဗတ်ထီးဖြူ
၎။      တစ်တိုင်းတစ်ပြည်က သံကြီး တမန်ကြီး ရောက်လာသော် အရိုးအထွတ်အရွက်တို့၌ ရတနာ ၉ ပါး စီခြယ်ထားသော ကနက္ကဒါဏ်ထီးဖြူ
၅။      ဆင်ယာဉ်၊ မြင်းယာဉ်တို့၌ ဆောင်းသော အရိုး၊ အထွက် ရွှေခြယ်သော သမုတိ ထီးဖြူ
Kse at 7:32 PM

No comments:

Post a Comment