မင်္ဂလာပါ သူတော်ကောင်းတို့..
မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့သစ်လေးမှာ
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ။
သရဏဂုံမြောက်သော ရှိခိုးခြင်း
******************
ဘယ်နည်းနဲ့မှ သရဏဂုံမြောက်သတုန်း ဆိုတော့ ဒက္ခိနေယျရဲ့ အစွမ်းအားဖြင့်သာ သရဏဂုံမြောက်ပါတယ် ။ ရှင်တော်မြတ်ဘုရားဟာ တကယ့်အလှူခံ မြတ်သောအလှူခံကို ခံတော်မူထိုက်တဲ့ အဂ္ဂဒက္ခိဏေယျ မြတ်သော အလှူခံပုဂ္ဂိုလ် တကယ်တော့မြတ်တဲ့ ပုဂ္ဂိုလ်ဆိုတဲ့ အနေနဲ့ ရှိခိုးမှသာလျှင်
အဲဒါ သရဏဂုံမြောက်ပါတယ် ။
ဆွေမျိုးအဖြစ်နဲ့ ရှိခိုးမယ် သရဏဂုံမမြောက်ပါဘူး ။
ကြောက်လို့ရှိခိုးမယ် သရဏဂုံ မမြောက်ပါဘူး ။ ဆရာအဖြစ်နဲ့ရှိခိုးမယ် သရဏဂုံ မမြောက်ပါဘူး ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ တကယ့်မြတ်သော အလှူကိုခံယူတော်မူထိုက်တဲ့ ပုဂ္ဂိုလ် တကယ်မွန်မြတ်တဲ့ ပုဂ္ဂိုလ် အဲဒီ
ီလို့မြတ်တဲ့ အနေနဲ့ ရှိခိုးမှသာလျှင် သရဏဂုံ မြောက်ပါတယ် ။
မြတ်သည်၏ အစွမ်းဖြင့်
*************
သရဏဂုံတည်တယ်ဆိုတာဟာ တကယ်မြတ်သည်၏ အစွမ်းအားဖြင့် တည်တယ် ။ သရဏဂုံတည်တဲ့ဆိုတာကလည်း တကယ်မြတ်သည်၏ အစွမ်းအားဖြင့်လည်း ပျက်တယ် ။
ရတနာသုံးပါအပေါ်မှာ တကယ်မြတ်တဲ့ ပုဂ္ဂိုလ်တွေ တကယ့်အဂ္ဂဒက္ခိဏေယျ မြတ်သော အလှူခံထိုက်တဲ့ ပုဂ္ဂိုလ်တွေလိုရှိခိုးလို့ သရဏဂုံတည်တာပါ ။ အဲဒီ ပုဂ္ဂိုလ်က ပြောင်းပြီးတော့
တိတ္တိပုဂ္ဂိုလ် ကို တကယ့်မြတ်တဲ့ ပုဂ္ဂိုလ် တကယ်မြတ်သော
အလှူခံပုဂ္ဂိုလ်လို့ ပြောင်းပြီး ကိုးကွယ်လိုက်ပြီးဆိုရင် အဲဒါသရဏဂုံ ပျက်တာပါပဲနော် ။ သတိရှိကြပါ ။
ဒါကြောင့် သရဏဂုံဟာ မြတ်သည်၏အစွမ်းအားဖြင့်တည်တယ်
မြတ်သည်၏ အစွမ်းအားဖြင့် ပျက်တယ်လို့ စောစောက ပြောခဲ့တယ်နော် ။
ဂုဏ်သိလေ တန်ဖိုးရှိလေ
***************
ဘုန်းကြီးတို့ ဘုရား တရား သံဃာကို ကောင်းကောင်းသိဖို့
အရေးကြီးပါတယ် ။ အဲဒါကြောင့် နောက်နောင်က ဘုန်းကြီး
ဘုရား တရား သံဃာ ဂုဏ်တော်လေးတွေကို ဖော်ပေးခဲ့တယ် ။
အဲဒီလို့ပြောခဲ့တာဟာ သရဏဂုံ ဆိုတာဟာလည်းပဲ
ဘုရားဂုဏ် သိလေ သူက တန်ခိုးရှိလေ ။ တရားဂုဏ်သိလေ
တန်ခိုးရှိလေ ။ တရားဂုဏ်သိလေ တန်ခိုးရှိလေ ။ ဒါကြောင့်
ဂုဏ်တော်တွေသိဖို့က အရေးကြီးတယ်နော် ။
လောကီသရဏဂုံ အကျိုး
**************
လောကီသရဏဂုံရဲ့ အကျိုးဟာ ဘဝစည်းစိမ် ဆိုတဲ့ အကျိုး
ကိုလည်းပေးနိုင်တယ် ။ ဘောဂစည်းစိမ်ဆိုတဲ့ အကျိုးကိုလည်း
ပေးနိုင်တယ် ။ ဘဝသမ္ပဒါ ဆိုတဲ့ ကောင်းမြတ်တဲ့ဘဝ ။
သုဂတိဘုံဘဝ လူ့ဘုံဘဝ နတ်ဘုံဘဝ အထက်တန်းဘဝ
ကိုလည်း အကျိုးပေးနိုင်တယ် ။ ဘောဂစည်းစိမ် စသည်ဖြင့်
သူများထက် အထက်တန်းကျအောင် သူများထက် လွမ်းမိုးအောင်
အဲဒီအကျိုးကို ပေးနိုင်ပါတယ် ။ ဒါ သရဏဂုံအကျိုး ။
လောကီသရဏဂုံ အကျိုး တွေဖြစ်တယ်နော် ။
သီတဂှုဆရာတော်
်ဒေါက်တာ အရှင်ဥာဏိဿရ
https://plus.google.com/106868386594176883353/posts/6VdjdJxv8qM
New Way at 11:43 PM
No comments:
Post a Comment