"သံဃာကိုအပြစ်မတင်မိပါစေနှင့်"
<><><><><><><><><><>
ကိလေသာအတုံးအခဲတွေကို ဖြိုခွဲတတ်သူကို
ပါဠိလို"ဘိက္ခု"
မြန်မာလို"ရဟန်း" လို့ ခေါ်ပါတယ်…
အခြားအဓိပ္ပာယ်လည်း များစွာရှိပါသေးတယ်…
ရဟန်းတော်များမှာ ဥပုသ်ပြုခြင်း ရဟန်းခံခြင်း စတဲ့
ကံကြီးကံငယ်တွေ ရှိပါတယ်…
သံဃာကိစ္စ ကံဆောင်ခြင်းကိစ္စတွေရှိတဲ့အခါ
ညီညီညွတ်ညွတ် ဆောင်ရွက်ကြတဲ့ ရဟန်းအပေါင်းကို "သံဃာ"လို့ ခေါ်ပါတယ်…
တစ်ပါးချင်းကို "ရဟန်း"လို့ခေါ်ပါတယ်…
လေးပါးမှအထက် အများကိုမှ "သံဃာ"လို့ခေါ်ပါတယ်…
"ရဟန်း"နဲ့ "သံဃာ"ကို ခွဲခြားနားလည်ရပါမယ်…
ရဟန်းတစ်ပါးစီမှာ အပြစ်ရှိနိုင်တယ်…
သံဃာမှာ အပြစ်မရှိပါဘူး…
ဒါကြောင့် ရဟန်းအချို့ရဲ့
မတော်တရော် အပြုအမူအနေအထိုင်များကို တွေ့ရတဲ့အခါ
သံဃာတွေက ဘယ်လိုပဲလို့ အပြစ်မပြောကောင်းပါဘူး…
ဘုရားရှင်က
"သံဃာအပြစ်ပြောတဲ့ ဒကာဒကာမအိမ်ကို အဝင်အထွက်မလုပ်နဲ့"
လို့တောင် မိန့်တော်မူထားပါတယ်…
ဘုရားက သံဃာကို လုံးဝအထိမခံပါဘူး…
သံဃာဆိုတဲ့အထဲမှာ
အရိယာ ပုထုဇဉ် နှစ်မျိုးရောနေလို့
အရိယာပုဂ္ဂိုလ်တွေကို ပြစ်မှားမိမှာစိုးလို့
သံဃာဆိုတဲ့ စကားလုံးသုံးစွဲပြီး အပြစ်မပြောကောင်းပါဘူး…
သံဃော ဟိ ဒုဿီလော နာမ နတ္ထိ(ဥပရိပဏ္ဏာသ
အဋ္ဌကထာ ဒက္ခိဏာဝိဘင်္ဂသုတ်အဖွင့် စာမျက်နှာ
-၂၂၅)-သံဃာမှာ သီလပျက်စီးတဲ့ ဒုသီလဆိုတာမရှိဘူးလို့ဆိုပါတယ်…
အပြစ်ရှိတဲ့ရဟန်း ဘုန်းကြီး တစ်ပါးစီကိုတော့ ခွဲခြား အပြစ်တင်နိုင်ပါတယ်…
တစ်နည်းအားဖြင့်
ကိလေသာတွေကို ညှဉ်းဆဲသူကို သံဃာခေါ်ပါတယ်…
သုပဋိပန္န - ကောင်းကောင်းကျင့်ဆိုတာ
လောဘဒေါသမောဟ စတဲ့ ကိလေသာတွေနည်းအောင် ကျင့်ရတာ
စာချတာ စာကျက်တာ စာပြန်တာ တရားဟောတာ တရားပြတာ အားလုံးဟာကိလေသာနည်းဖို့ပါပဲ…
စာချ စာတက် စာပြန် စာမေးပွဲတွေ ကျင်းပ
ဖြေဆို တရားဟော တရားပြတွေလုပ်ပြီး
ကိလေသာတွေ တိုးပွားနေမယ်ဆိုရင်တော့ ဘယ်အဓိပ္ပာယ်ရှိပါ့မလဲ…
ဘုန်းကြီးဝတ်ပြီး ကိလေသာတွေတိုးပွားနေရင်လည်း မကိုက်ပါဘူး…
ရဟန်းဝတ်ပြီးရင် သံဃာစာရင်းဝင်အောင်
ကိလေသာနည်းကြောင်းအကျင့်ကို ကျင့်ဖို့လိုပါမယ်…
ဒါမှ အဓိပ္ပာယ်ရှိပါမယ်…
( ဓမ္မပိယဆရာတော်၏ဆောင်းပါးမှ ကောက်နုတ်ဖော်ပြသည်)
အပြစ်မသင့်ကြအောင် ဆင်ခြင်နိုင်ကြပါစေ…
……………………………………………………
မူလတင်သူ>>>ohmarshin
သစ္ဇာရှင်
မြတ်ဗုဒ္ဓ၏သာသနာpageပြန်လည်တင်ဆက်သည်
https://www.facebook.com/Dhamma Sarpay
New Way at 11:54 PM
No comments:
Post a Comment