အဝေးမှာ ရောက်နေတဲ့ မိဘတွေကို
၁။ အလုပ်မအားလို့ ပြန်မလာတာ
မိဘတွေဆိုတာ သားသမီးတွေ ဘယ်နေ့ ပြန်လာမလဲဆိုပြီး အိမ်မှာ စောင့်နေရတဲ့ သူတွေပါ။ သူတို့က သတိရလို့ သားရယ် သမီးရယ် အဖေတို့ အမေတို့ဆီကို ပြန်မလာတော့ ဘူးလားလို့ မေးရင် အလုပ်မအားလို့ ဆိုတဲ့ တစ်လုံးတည်းနဲ့ သူတို့ရင်ထဲက သတိရလွမ်းဆွတ်မှုတွေကို မရိုက်ချိုးမိပါစေနဲ့။
၂။ မိဘတွေ ဖုန်းဆက်လာတဲ့ အခါ
မိဘတွေက သားငယ် သမီးငယ်လေးတွေကို သတိရလို့ ဖုန်းဆက်လာရင် ဘာပြောစရာရှိလို့လည်း ပြောပါဆိုပြီးတော့ အဲဒီလို ရင့်ရင့်သီးသီး မပြောပါနဲ့။ သူတို့က ပြောစရာ ရှိလို့ထက်စာရင် အသံလေး ကြားချင်တာပါ။
၃။ မကူညီ ပေးနိုင်ဘူး
မိဘတွေက တစ်စုံတစ်ခု အခက်အခဲ ဖြစ်လို့ သူတို့ရဲ့ သားသမီးတွေကို အကူအညီ တောင်းခံလာတဲ့ အခါမှာ အဆင်မပြေဘူး မကူညီပေးနိုင်ဘူး ဆိုပြီး အငြင်းဆန် လိုက်ပါနဲ့။ တစ်ခါတစ်လေ မိဘဆိုတာ သားသမီးတွေကို အားကိုးချင်တဲ့ စိတ်လေးတော့ ရှိတယ်ဆိုတာ မမေ့ပါနဲ့။
၎။ စိတ်တိုတိုင်း မိဘကို မအော်မိစေနဲ့
မိမိက တစ်စုံတစ်ခု အလိုမကျ ဖြစ်တိုင်း စိတ်တိုတိုင်း မိဘဖြစ်သူများနဲ့ စကားပြောတဲ့ အခါမှာ အော်မိတဲ့ အခါမျိုးတွေ ဖြစ်တတ်ပါတယ်။ ဘယ်လို ကိစ္စမျိုး ရှိနေပါစေ မိမိစိတ်တိုတိုင်း မိဘကို မအော်မိစေအောင် ဂရုစိုက်ပါ။
၅။ မိမိအဆင်ပြေတဲ့ အကြောင်းပြောပါ
အဝေးမှာ ရှိနေတဲ့ မိဘတွေကို မိမိအဆင်ပြေတဲ့ အကြောင်းကို ခဏခဏ ပြောပါ။ ဒါမှာလည်း သူတို့ရင်ထဲမှာ စိတ်ချမ်းသားပြီး နေရထိုင်ရတာ အဆင်ပြေပါလိမ့်မယ်။ အဲဒီလို မဟုတ်ဘဲ မိမိပြဿတွေကိုပဲ ပြောနေရင်တော့ မိမိကြောင့် သူတို့ စိတ်ဆင်းရဲ နေရပါလိမ့်မယ်။
Ref: (ပစ်တိုင်းထောင်)
Sunday, December 25, 2016
အဝေးမှာ ရောက်နေတဲ့ မိဘတွေကို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment