Sunday, December 25, 2016

အကျိုးမရှိတဲ့စကားဆို ဥပေက္ခာပြုလိုက်ပါ

အကျိုးမရှိတဲ့စကားဆို ဥပေက္ခာပြုလိုက်ပါ

ဘဝမှာ ကြားသမျှ စကားလုံးတိုင်းကို တုံ့ပြန်ဖို့ မလိုသလို ငုံ့ခံနေဖို့လည်း မဟုတ်ဘူး။ တစ်ချို့သူတွေရဲ့
စကားလုံးတွေဟာ တုံ့ပြန်စရာမလိုဘဲ သူ့အလိုလိုပြီးသွားတာတွေရှိတယ်။ တုံ့ပြန်လိုက်မှ
ပိုရှုတ်သွားတာတွေ ဖြစ်တတ်တယ်။ စကားလုံးတိုင်းကို ခံစားနေဖို့ မလိုဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်နေဖို့ပဲ
လိုတယ်။ အလုပ်မှန်ရင် တုံ့ပြန်စရာမလိုဘဲ အလုပ်က ဖြေရှင်းသွားလိမ့်မယ်။ မတုံ့ပြန်တာဟာ ငုံ့ခံနေတာ
မဟုတ်ဘူး။ အပင်ပန်းခံပြီး မခံစားတဲ့သဘောပဲ။တစ်ချို့စကားတွေကျတော့ ပြန်ဖြေရှင်းဖို့လိုတယ်။
ဖြေရှင်းတာဟာ တုံ့ပြန်တာ မဟုတ်ဘူး။ “ဖြေရှင်းမှသာ အမှန်ကိုသိသွားမယ်၊ နှစ်ဦးနှစ်ဖက်
အကျိုးယုတ်မှုတွေ မဖြစ်တော့ဘူး။ နားလည်မှုတွေ ရှိသွားမယ်"ဆိုရင် ဒါမျိုးကျတော့
ပြန်တုံ့ပြန်ရမယ်။ ဒေါသနဲ့တုံ့ပြန်မှုမျိုး မဟုတ်ဘဲ ကျိုးကြောင်းဆင်ခြင်ဉာဏ်ရယ်၊ အကျိုးလိုလားတဲ့
မေတ္တာတရားရယ်ကို အခြေခံပြီး ပြန်ဖြေရှင်းရမယ်။အဓိကကတော့ ဘယ်လိုစကားလုံးပဲလာလာ
လက်ခံနိုင်အောင် ကြိုးစားဖို့ပဲ။ လက်ခံတာဟာ ခံစားတာ မဟုတ်ဘူး။ ခံနိုင်ရည်ရှိလာတာ။
ကြားသမျှအသံတွေအပေါ်မှာ ခံနိုင်ရည်ရှိအောင် ကြိုးစားပြီး အကျိုးများတဲ့ စကားကို လက်ခံ၊
အကျိုးမရှိတဲ့ စကားလုံးကို ခေါင်းထဲက ထုတ်ပစ်ဖို့ပါပဲ။ စကားလုံးတွေနဲ့ ခေါင်းလေးမနေဖို့ အဓိကပါပဲ။
လောကသဘာဝ ဘယ်လောက်ပဲ ကောင်းအောင် လုပ်လုပ် စကားလုံးယုတ်တွေက ရောက်လာတတ်သလို၊ မကောင်းတဲ့သူတွေမှာလည်း စကားလုံး အလှလေးတွေက
တွဲနေတတ်တာပဲ မဟုတ်လား။ စကားလုံးတွေကို လိုက်ခံစားနေတာကိုက ကိုယ့်အမှားပဲလေ။ ။
ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

No comments:

Post a Comment