ပြဿ နာကို_ငြီးတွားသူနဲ့_ဖြေရှင်းသူ
မိမိရဲ့ လုပ်ဖေါ်ကိုင်ဖက်နဲ့ မိတ်ဆွေတွေထဲမှာ လူ ၂ မျိုး ၂ စားရှိနေတာကို သတိထားမိရဲ့လား။
ပထမတစ်မျိုးက ပြဿနာတစ်ခုနဲ့ ကြုံလာရင် အမြဲတမ်း ငြီးတွားနေသူ။ "ငါကတော့ အမြဲကံဆိုးနေလို့ ပြဿနာပဲ တက်နေတာပဲ" "အေးအေးဆေးဆေး မနေရပါဘူးကွာ" "ငါ့အလှည့်ကျမှ ပြဿနာချည်း တက်နေတာပဲ"ပြောနေတာတွေ ကြားဖူးမှာပါ။
ဒုတိယလူတစ်မျိုးကျတော့ ပြဿနာနဲ့ ကြုံလာရင် ငြီးတွားမနေဘဲ ဖြေရှင်းပစ်လိုက်တယ်။
အဲဒီလူ ၂ မျိုးထဲဟာ ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုရင် ဒုတိယလူမျိုးပဲ အောင်မြင်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပိုင်စီးပွားရေးလုပ်သူတွေကို ကြည့်လိုက်ပါ။ "တောက် မိုးကလည်း တနေ့လုံး ရွာနေတာပဲ" "အမေရိကန်က ဆက်ရှင်ပိတ်ထားလို့ စီးပွားရေးလုပ်ရတာ မကောင်းဘူးကွာ" "ကားလမ်းကလည်း တချိန်လုံး ကြပ်နေတာပဲ" စသဖြင့် ထိုင်ငြီးနေသူ ဘယ်နှစ်ယောက်တွေ့ဖူးပါသလဲ။ သူတို့ဟာ သူတို့အစိုးမရတဲ့ ကိစ္စတွေအပေါ်မှာ အာရုံထားပြီး ငြီးမနေတတ်ကြဘူး။ သူတို့ စီးပွားရေးကိုပဲ အာရုံစိုက် အလုပ်လုပ်ကြတယ်။
သင် ကိုယ်ပိုင်လုပ်ငန်းလုပ်မယ် စိတ်ကူးရင် ပထမလူ အကျင့်ကို ဖျောက်ရပါလိမ့်မယ်
No comments:
Post a Comment