Sunday, December 25, 2016

စေတနာကောင်းဖို့အဓိက

စေတနာကောင်းဖို့အဓိက

လောကမှာ စေတနာကို နားမလည်တဲ့သူတွေ ရှိတယ်။ စေတနာကို အပြစ်မြင်တဲ့သူတွေလည်း ရှိတယ်။
စေတနာကို စော်ကားတဲ့သူတွေလည်း ရှိတတ်တယ်။ အဲဒါက သူတို့အပိုင်းပဲ။ ကိုယ့်သမိုင်းကတော့ ဘာပဲလုပ်လုပ် စေတနာမှန်မှန်နဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ပဲ မဟုတ်လား။ ကိုယ်လုပ်တာ သူတို့ရဲ့တုန့်ပြန်မှုကောင်းကို မျှော်လင့်ဖို့ မှ မဟုတ်တာ။ အကျိုးသက်ရောက်မှုကောင်းတွေ ဖြစ်ဖို့ပဲလေ။
တကယ်တော့ စိတ်စေတနာကောင်းဆိုတာ လူတိုင်းမှာ မရှိတတ်ဘူး။ ကိုယ့်မှာ အဲ့ဒီ စိတ်စေတနာကောင်းလေး ရှိနေတာကိုက ဒါဟာ အကောင်းဓာတ်ခံလေး ပါလာတဲ့ သဘောပဲ။
ဒီဓာတ်ခံလေးကို တစ်ယောက်ယောက်၊ တစ်ခုခုကြောင့် ပျက်ပြယ်သွားလို့တော့ မဖြစ်ပေဘူးပေါ့။
ဒါကြောင့် ကံဆိုတာအလုပ်၊ အလုပ်ဆိုတာ စေတနာပဲ ဖြစ်တဲ့အတွက် စေတနာကောင်းကောင်းနဲ့
အလုပ်ကောင်းအောင်သာ လုပ်ပါ။ တုန့်ပြန်မှုမကောင်းလည်း သက်ရောက်မှု ကောင်းဖို့က အဓိကပဲပေါ့။
ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး

No comments:

Post a Comment