ဂါရ၀တရား ၁၀-ပါး။ ။ ဗုဒ္ဓဘာသာဝင်တိုင်း လိုက်နာရိုသေလေးစားရမည့် အရာဆယ်ပါး၊ ဤကား အင်္ဂုတ္ထိုရ်လာ တူရာပေါင်း၍ ပြလိုက်သည်၊
(၁) ဗုဒ္ဓဂါရ၀- ဘုရားရှင်အားလေးစားရခြင်း၊
(၂) ဓမ္မဂါရ၀- တရားတော်အား လေးစားရခြင်း၊
(၃) သံဃဂါရ၀- သံဃာတော်အားလေးစားရခြင်း၊
(၄) သိက္ခာ ဂါရ၀- ကျင့်ကြံလေ့လာမှု၌ လေးစားရခြင်း၊
(၅) သမာဓိ ဂါရ၀-တည်ကြည်ဖြောင့်မတ်မှု၌ လေးစားရခြင်း၊
(၆) အပ္ပမာဒ ဂါရ၀-ကောင်းမှုမင်္ဂလာ၌ မမေ့မပေါ့ လေးစားရခြင်း၊
(၇) ပဋိသန္တာရ ဂါရ၀- ပေါင်းသင်းဆက်ဆံမှု ပြေပြစ်ချောမောရေး၌လေးစားရခြင်း၊
(၈) ဟိရီ ဂါရ၀- မကောင်းမှုပြုလုပ်ရမည်မှ ရှက်ခြင်း၌ လေးစားရခြင်း၊
(၉) သြတ္တပ္ပ ဂါရ၀- မကောင်းမှုပြုလုပ်ရမည်မှ ကြောက်ခြင်း၌ လေးစားရခြင်း၊
(၁၀) အညမည ဂါရ၀-အချင်းချင်း အတူနေသူများအား တစ်ဦးကိုတစ်ဦး လေးစားရိုသေမှုရှိရခြင်း
Friday, December 30, 2016
ဂါရ၀တရား ၁၀-ပါး။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment