“မတရားမှုတွေနဲ့ မတောက်ပချင်ပါနဲ့။”
မိမိရဲ့ခမ်းနားမှုတွေထဲမှာ ဖြူစင်ရိုးသားမှုတွေ ဘယ်လောက်ပါလဲ?
မိမိရဲ့ အပြုံးတွေထဲမှာ ဟန်ဆောင်ဖုံးကွယ်မှုတွေ ဘယ်လောက်ပါလဲ?
မိမိရဲ့ ပြည့်စုံမှုတွေထဲမှာ မုသားတွေ ဘယ်လောက်ပါလဲ။? ကိုယ့်ကိုယ်ကိုယ် မညှာတမ်း စိစစ်ရဲဖို့ လိုတယ်။
အခြားသူကို ရိုးသားချင်ယောင်ဆာင်ရတာ လွယ်တယ်။ ကိုယ့်ကိုယ်ကိုယ် တကယ် ရိုးသားနိုင်ဖို့ ခက်တယ်။
အခြားသူကို ဟန်ဆောင် ပြုံးပြရတာ လွယ်တယ်။ ကိုယ့်နှလုံးသားကို အစစ်အမှန် ပြုံးပြနိုင်ဖို့ ခက်တယ်။
အခြားသူကို ယုံအောင် လိမ်ညာရတာ လွယ်တယ်။ မိမိကိုယ်ကို ယုံအောင် လိမ်ညာနိုင်ဖို့ ခက်တယ်။
မတရားမှုတွေနဲ့ မတောက်ပချင်ပါနဲ့။ အရောင်ပျောက်တဲ့အချိန် ရောက်လာမဲ့ အမှောင်တွေက ကြောက်စရာကောင်းအောင် ခါးသီးလွန်းတယ်
No comments:
Post a Comment