"ဘုရားဌာပနာထည့်သွင်းခြင်းရည်ရွယ်ချက်နှင့် ကုသိုလ်ရှင်ဆိုင်းဘုတ်ထိုးခြင်း၏ ရည်ရွယ်ချက်"
ဘုရားထဲမှာ တန်ဖိုးရှိတဲ့အရာတွေ ဘာလို့ ထည့်သွင်းထားတာတုန်း.. တစ်ချို့လည်း စဉ်းစားချင်မှ စဉ်းစားမှာ.. "ဘုရားထဲမှာ ဌာပနာတယ်" ဌာပနာဆိုတာ ထည့်သွင်းတာ ၊ထည့်သွင်းခြင်း ၊တည်ထားခြင်း လို့အဓိပ္မာယ်ရတယ်..
အဲဒီတော့ ရတနာတွေ ဘာကိစ္စ ဘုရားထဲမှာ ထည့်ကြတာတုန်း..နိုင်ငံခြားသားတွေအမြင်နဲ့ ကြည့်ရင်တော့
ဒါဟာ အကျိုးမရှိဘူး ပြောမှာပေါ့နော်..ဒါတွေထည့်လိုက်လို့ ဘာအကျိုးရှိမှာတုန်း..
ဘုရားရုပ်ပွားဆင်းထုတော်ထည့်တာတော့ ထားပါတော့ ရတနာတွေထည့်တယ် အခုခေတ်လည်း ထည့်တာပဲ..ကြည်ညိုတဲ့ပုဂ္ဂိုလ်တွေက ကိုယ့်သဒ္ဒါတရားနဲ့ကိုယ် ထည့်ကြတယ်..
ဘာအတွက်ထည့်တာလဲဆိုတော့ ကြည်ညိုလို့ လှူတာပဲသိတယ်..သို့သော် တစ်ကယ့်အစစ်အမှန်က ရည်ရွယ်ချက်ရှိတယ်.. မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတဲ့အခါ ဘုရားရဲ့ဓာတ်တော်တွေကို ရှစ်ပြည်ထောင်မင်းတွေကို ခွဲဝေပြီး ပေးလိုက်တယ်.. ဓာတ်တော်တွေက ရှစ်ပြည်တောင်ရောက်သွားတယ်.. ဒီဓာတ်တော်တွေကို အန္တရာယ်ဖြစ်မှာစိုးလို့
အရှင်မဟာကဿပတို့က အဇာတသတ်မင်းနဲ့ တိုင်ပင်ပြီးတော့ ဓာတ်တော်တိုက်ကြီးတစ်ခု လုပ်ပြီး
ဓာတ်တော်တွေ စုထည့်ထားတယ်..အဲဒီလို စုထည့်ထားပြီး အင်မတန် တန်ဖိုးရှိတဲ့ပတ္တမြားတစ်လုံးကိုပါ
အဲဒီထဲမှာ ထည့်ထားပြီး စာရေးထားတယ်.. "နောင်တစ်ချိန်ကျရင် ဒီဓာတ်တော်တိုက်ကြီး ပျက်စီးလို့
ပြင်ဆင်ဖို့အတွက် ငွေကြေးမတတ်နိုင်ဘူးဆိုရင် ဒီပတ္တမြားတုံးကြီးကို ရောင်းချပြီး ပြင်ပါ"တဲ့..
အဲဒီတော့ ရတနာတွေထည့်သွင်းထားခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ သင်္ခါရသဘောတရားအရ တစ်နေ့ကျရင် ပျက်မှာပဲ.. maintenance လိုတယ်လေ.. maintenance အတွက် ထည့်ခဲ့တာ..
ဒီလိုဆိုလို့ရှိရင်တော့ ရည်ရွယ်ချက် ကောင်းတာပေါ့.. maintenance အတွက် deposit လုပ်ထားခဲ့တာ..
ဒါတွေကိုယူပြီး ဘုရားပြင်ရမယ်ပေါ့ အဒီရည်ရွယ်ချက်ပဲ.. နောက်ကျတော့ ဒီရည်ရွယ်ချက်က တဖြည်းဖြည်း ပျောက်လာတဲ့သဘောပဲ.. မြန်မာပြည်မှာ ကုသိုလ်ရှင်တွေ ဆိုင်းဘုတ်ထိုးလေ့ရှိကြတယ်လေ.. ဘုရားတံတိုင်းတို့ ဘာတို့ညာတို့ အကုန်လုံးပေါ့..
ကုသိုလ်ရှင်တွေ ဘာလို့ထိုးတာတုန်း.. နာမည်ကြော်ငြာတာလား ရည်ရွယ်ချက်က ဘာလဲ..
ကိုယ့်ကို လူသိစေချင်လို့ ထိုးတာလား.. မသိလည်း ဘာဖြစ်လဲ လှူတာက လှူတာပဲပေါ့..
အဲဒီတော့ ဆိုင်းဘုတ်ထိုးခြင်းရဲ့ ရည်ရွယ်ချက်ကဘာလဲဆိုရင် အမျှဝေတဲ့သဘော မြင်တဲ့ပုဂ္ဂိုလ်က သာဓုခေါ်ရအောင်လို့.. ဒါကြောင့်မို့ ရှေးတုန်းက မိသားစုကောင်းမှုဆိုတာရဲ့နောက်မှာ
"နတ်လူသာဓု ခေါ်စေသော်"ဆိုတာလေး ပါတယ်.. အခုခေတ်တော့ အဲဒီ"နတ်လူသာဓု ခေါ်စေသော်"ဆိုတာလေး ပျောက်သွားပြီး နာမည်ကြော်ငြာတာ ဖြစ်သွားတယ်..
ဒါက ပြောင်းလဲလာတဲ့သဘောပေါ့နော်.. မူရင်းအဓိပ္ပာယ် ပျောက်သွားပြီးတော့
ပြောင်းလဲလာတဲ့သဘောဟာ ဒီလိုပဲရှိတယ်ပေါ့.. စပြီးလုပ်တဲ့အချိန်ကတော့ အဓိပ္ပာယ်ရှိတယ်..
အဲဒီအဓိပ္ပာယ်ရှိတာတွေဟာ နောက်ပိုင်း အဓိပ္ပာယ် မသိတော့ဘူး.. တစ်မျိုးတစ်မည် ပြောင်းလဲသွားတတ်တယ်..
Dr.နန္ဒမာလာဘိဝံသ(ပါချုပ်ဆရာတော်)
(ဆရာတော်ဘုရားဟောကြားတော်မူသော ပါရာယနဒေသနာမှ)
Ref:ထေရ၀ါဒဗုဒ္ဓဘာသာ
Sunday, December 25, 2016
"ဘုရားဌာပနာထည့်သွင်းခြင်းရည်ရွယ်ချက်နှင့် ကုသိုလ်ရှင်ဆိုင်းဘုတ်ထိုးခြင်း၏ ရည်ရွယ်ချက်"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment