ဆရာသမားကောင်း
၁။ ပိယော = ချစ်ခင်လေးစားလောက်တဲ့ သီလ၊ သမာဓိ၊ ပညာ အရည်အသွေးတွေ ရှိရပါမယ်။ ( ဒါကတော့ ကိုယ့်ကဆုံးဖြတ်ရပါမယ်)
၂။ ဂရု = လေးစားလောက်တဲ့ ကိုယ်ကျင့်တရားရှိရမယ်။
၃။ ဘာဝနီယော= ချီးမွမ်းလောက်တဲ့ ကိုယ်ကျင့်တရားရှိရမယ်။ သို့မဟုတ် မေတ္တာဘာဝနာပွားနေတဲ့ မေတ္တာစိတ်ဓာတ်ထားတာ ရှိရပါမယ်။
၎။ ၀တ္တာ = မကောင်းရင်လည်း ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်၊ ဆုံးမတတ်တယ်၊ အကြံပေးတတ်တဲ့ ပုဂ္ဂိုလ် ဖြစ်ရပါမယ်။ ကိုယ်ကလည်း ဆုံးမတတ်ရပါမယ်။
၅။ ၀စနက္ခမော = အပြစ်တွေ့လို့ သူ့ကို သတိပေးပြောကြားရင်လည်း လက်ခံတဲ့ပုဂ္ဂိုလ် ဖြစ်ရပါမယ်။ အဲဒီအချက်က အင်မတန်ခက်တယ်။ ခက်တာက လူတွေမှာ မာနရှိတယ်။ မာနရှိတဲ့ အတွက်ကြောင့် ကိုယ့်ထက်ငယ်တဲ့ ပုဂ္ဂိုလ်ကပြောရင်လက်မခံကြဘူး။ ကိုယ့်အောက် ငယ်တဲ့သူကပြောရင် ဘေးဖယ်ထားကြတယ်။ တချို့ကသူများကိုတော့ ကိုယ်ကဆုံးမတတ်တယ်။ ကိုယ့်ကိုဆုံးမရင်တော့“ ငါပြောသလိုလုပ် လျှာမရှည်နဲ့တဲ့၊ ” ကိုယ့်ကို လာပြောရင် မကြိုက်တဲ့သူကပိုများကြပါတယ်။ အဲဒါမျိုး မဖြစ်စေရပါ။
၆။ နော စ ဌာနေ နိယောဇကော= သူများကို ချောက်မတွန်းရဘူး။ များသောအားဖြင့် လူတွေက သူများကို ချောက်တွန်းတတ်တဲ့ အလေ့အထလေးရှိကြပါတယ်။ ချောက်တွန်းတယ်ဆိုတာ သူများကို မကောင်းမှန်းသိလျက်နဲ့ တွန်းပို့တာပါ။ အဲဒါမျိုး မလုပ်တဲ့ ဆရာသမားမျိုးကို ရွေးပြီး ကိုးကွယ်ရပါမယ်။
ဒေါက်တာနန္ဒမာလာဘိဝံသ မိတ်ကောင်းဆွေကောင်းတရားတော်မှ
No comments:
Post a Comment