Thursday, December 29, 2016

စိတ်ဓာတ်အားနည်းခြင်းအကြောင်းတရား ၂၅-ပါး

စိတ်ဓာတ်အားနည်းခြင်းအကြောင်းတရား ၂၅-ပါး
စိတ်ဓါတ်အားနည်းခြင်း အကြောင်းတရား ၂၅-ပါး
။ ။ ကောင်းမှုကောင်းရာတို့ဘက်၌ စိတ်အားလျော့မှုများ၂၅ပါး။
၁ ကောဓ- အမျက်ထွက်ခြင်း၊
၂ ဥပနာဟ- ရန်ငြိုးဖွဲ့ခြင်း၊
၃ မက္ခ- ကျေးဇူးမဲ့ပြုခြင်း၊
၎ ပလာသ-တုပြိုင်ခြင်း၊
၅ ဣဿာ- ငြူစူခြင်း၊
၆ မစ္ဆရိယ- ၀န်တိုခြင်း၊
၇ မာယာ- လှည့်ပတ်ခြင်း၊
၈ သာထေယျ-စဉ်းလဲခြင်း၊
၉ ထမ္ဘ- မိုက်မဲခိုင်ခံ့ခြင်း၊
၁၀ သာရမ္ဘ- သူ့သီလကိုဖျက်ဆီးခြင်း၊
၁၁ မာန- စိတ်ကြီးဝင်ခြင်း၊
၁၂ အတိမာန-အလွန်အမင်းစိတ်ကြီးဝင်ခြင်း၊
၁၃ မဒ-မာန်ဖြင့်ယစ်ခြင်း၊
၁၄ ပမာဒ- မေ့လျော့ခြင်း၊
၁၅ ထိန- စိတ်၏လျော့ကျခြင်း၊
၁၆ မိဒ္ဓ- ငိုက်မြည်းခြင်း၊
၁၇ အာလသျှ- ပျင်းရိခြင်း၊
၁၈ ပါပမိတ္တတာ-ခင်ပွန်းယုတ်နှင့်ပေါင်းဖေါ်ခြင်း၊
၁၉ ရူပ- အဆင်း၌တပ်မက်လွန်းခြင်း၊
၂၀ သဒ္ဒ- အသံ၌ တပ်မက်လွန်းခြင်း၊
၂၁ ဂန္ဓ- အနံ့၌ တပ်မက်လွန်းခြင်း၊
၂၂ ရသ- အရသာ၌ တပ်မက်လွန်းခြင်း၊
၂၃ ဖောဋ္ဌဗ္ဗ- အတွေ့၌ တပ်မက်လွန်းခြင်း၊
၂၄ ခုဒ္ဒပိပါသ- ဆာလောင်မွတ်သိပ်ခြင်း၊
၂၅ အရတိ- တရား၌ မမွေ့လျော်ခြင်း

No comments:

Post a Comment