"စကား"
* စကားလေးများ ပြောတဲ့အခါ၊ သတိပြု ဆင်ခြင်ရာ
မင်္ဂလာပါ ဆိုတဲ့တေး၊ ပန်းသို့ ယဉ်ယဉ်မွှေး။
* အေးအေးဆေးဆေး ပြောကြားမှန်၊ ကောင်းသောစိတ်ရည်သန်
နားဝင်ပီယံ ဆိုစကား၊ ပျားသို့ ချိုစေသား။
* အများကောင်းဖို့ အကျိုးရှိသော်၊ ရဲရဲပြောပါနော်
တကြော်ကြော် အော်ခေါ်ခြင်း၊ ဝေးဝေးရှောင်လို့ကွင်း။
* ရှင်းရှင်းလင်းလင်း ပြောတတ်စေ၊ ရိုးသားဖြူစင်နေ
ကျေးဇူးတွေ ဖော်ထုတ်ပြီး၊ ဝမ်းမြောက်စေသတည်း။
* တအားညည်းတဲ့ စကားရယ်၊ လုံးဝ ရှောင်ကြဉ်ဖွယ်
သူ့နောက်ကွယ် သူ့အကြောင်း၊ အတင်း မပြောကောင်း။
* ရှေးဟောင်းနှောင်းဖြစ် ပြောခဲ့လျှင်၊ မှန်ကန်ကြစေချင်
အဆိုးမြင်ကာ အပြစ်တွေး၊ ပြောကြားပါနှင့်လေး … ။
မျိုးခိုင် (မူဆယ်)
Friday, December 30, 2016
"စကား"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment