Friday, December 30, 2016

ဆရာ့ဂုဏ်အင်္ဂါ ၂၅ ပါး (မိလိန္ဒပဥှာ)

ဆရာ့ဂုဏ်အင်္ဂါ ၂၅ ပါး (မိလိန္ဒပဥှာ)
ဆရာ့ဂုဏ်အင်္ဂါ ၂၅ ပါး။ ။ ဆရာမြတ်တို့ လိုက်နာပြုကျင့်အပ်သည့် ဂုဏ်ကျေးဇူး ၂၅-ပါးဟူ၏၊ မိလိန္ဒပဥှာ။
၁ တပည့်၌အမြဲတစေစောင့်ရှောက်ရ၏၊
၂ မှီဝဲအပ် မအပ်သည်ကို သိရ၏၊
၃ မေ့လျော့သည် မမေ့လျော့သည်ကို သိရ၏၊
၎ အိပ်ရာနေရာ၏ကျန်းမာရေးကိုသိအပ်၏၊
၅ ရောဂါရှိ မရှိကိုသိအပ်၏၊
၆ ထမင်း ဘောဇဉ် ရအပ်မရအပ်ကို သိရာ၏၊
၇ အထူး ရှိမရှိကိုသိအပ်၏၊
၈ စားသောက်ဖွယ်တို့ကို ကောင်းစွာစစ်ဆေး ဝေဖန်အပ်၏၊
၉ ပညာတိုးမှုအတွက် အားပေးစကားပြောကြားအပ်၏၊
၁၀ အလုပ်အကျွေးကောင်းသူကို သိအပ်၏၊
၁၁ ဆွမ်းခံရာ၌ အလုပ်အကျွေးကောင်းသူကို သိအပ်၏၊
၁၂ ကျောင်း၌ အလုပ်အကျွေးကို သိအပ်၏
၁၃ ဆရာသည်တပည့်တို့နှင့် ပြက်ရယ်မှုမပြုအပ်၊
၁၄ တပည့်တို့နှင့် သူငယ်ချင်းပမာ အရောတ၀င်မပြုရာ၊
၁၅ တပည့်အပြစ်ကိုမြင်သော်လည်းသည်းခံအပ်၏၊
၁၆ တပည့်ကို အရိုအသေမပေးမပြုအပ်၊
၁၇ အတတ်ကိုလျှို့ဝှက်စွာပြုသင့်က ပြုအပ်၏၊
၁၈ အတတ်ကိုအကြွင်းမထားပြုသင့်ကပြုရာ၏၊
၁၉ တပည့်များအားတတ်သိစေချင်သောစိတ် ထားရာ၏၊
၂၀ တပည့်များအား အတတ်ပညာ မမေ့နိုင်ရာသောနည်းလမ်းများဖြင့် သင်ကြားရာ၏၊
၂၁ မိမိသင်လက်စပညာဖြင့် ရှေ့ကိုသာတိုး၍သင်ကြားလိုစိတ် ရှိလာအောင် ကြီးပွားလိုစိတ်ထားအပ်၏၊
၂၂ မေတ္တာစိတ်ကိုဖြစ်စေအပ်၏၊
၂၃ ဘေးရန်ရှိသောကာလ၌ မစွန့်ရာ၊
၂၄ အမှုကိစ္စပြုလုပ်ဖွယ်၌ မမေ့မလျော့ရာ၊
၂၅ တပည့်မေ့လျော့မှားယွင်းသော် တရားနှင့်လျော်ညီစွာ ချီးမြှောက်အပ်၏

2 comments:

  1. ​ကျေးဇူးတင်​ပါတယ်

    ReplyDelete
  2. ​ကျေးဇူးတင်​ပါတယ်

    ReplyDelete